မဏ္ဍိုင်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်

ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ

ကျွန်ုပ်တို့၏ အကြောင်း

မဏ္ဍိုင်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (Focal Point Services Co.,Ltd) သည် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်းအတွင်း စတင်ဆောင်ရွက်ခဲ့ပါသည်။ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် အထောက်အကူပြုဖောင်ဒေရှင်း (ECLOF) ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့်ပူးပေါင်း၍ အသေးစား ငွေရေးကြေးရေးလုပ်ငန်းလိုင်စင်အမှတ် (၀၀၂၀/၂၀၂၃) အား ရရှိခဲ့ပါသည်။

မဏ္ဍိုင်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (Focal Point Services Co.,Ltd) အနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့တွင် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူများ အထူးသဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ အသင်းသားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစားအိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများအတွက် ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ အကူအညီပေးလျက်ရှိပါသည်။

မျှော်မှန်းချက်

တက်ကြွပြီး ကြံ့ကြံ့ခံနိုင်သောအသင်း၀င်များ၏ပါ၀င်မှုဖြင့် ယုံကြည်စိတ်ချရ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် အသေးစားငွေရေးကြေးရေး၀န်ဆောင်မှုအဖွဲ့အစည်းဖြစ်ရန်။

ဆောင်ရွက်မည့်တာ၀န်

ငွေရေးကြေးရေးနှင့် နည်းပညာဆိုင်ရာ၀န်ဆောင်မှုများအား ဆင်းရဲနွမ်းပါးသူများ၊ အထူးသဖြင့် ကျေးလက် ဒေသနေလူထု၏ လူနေမှုနှင့် လူမှုဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးသည့်အစီအစဉ်များ၊ အထွေထွေ ဖူလှုံရေးနှင့်စပ်လျဉ်းသည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန်။

လိုင်စင်လက်မှတ်

မိတ်ဖက်အဖွဲ့အစည်းများ

ရုံးချုပ်

အမှတ် ၁၀၂၄ E ၇ လွာ၊ Sweet Breeze Condominium၊ ကျမ်းစာသင်ကျောင်းလမ်း၊
ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

အီးမေးလ်

focalpoint.mm@gmail.com

ဖုန်း

+959 421100316