ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ
ကျွန်ုပ်တို့၏ ချေးငွေများ
ဝန်ဆောင်မှုပေးနေသော ချေးငွေ အမျိုးအစားများ
- စိုက်ပျိုးရေးချေးငွေ
- မွေးမြူရေးချေးငွေ
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆိုင်ရာ ချေးငွေ
- အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ ချေးငွေ
- ကုန်သွယ်မှုလုပ်ငန်းများဆိုင်ရာ ချေးငွေ
သတ်မှတ်ချက်များ
- ချေးငွေပမာဏ – ငွေကျပ် ၂ သိန်း မှ ၁၀ သိန်းအထိ
- ချေးငွေသက်တမ်း – ချေးငွေအမျိုးအစားအလိုက် ၆လ မှ ၁၂လအထိ
- ပေးဆပ်ရမည့်နည်းလမ်း – ချေးငွေအမျိုးအစားအလိုက် ၂၈ ရက်လျှင်တစ်ကြိမ် သို့ တစ်လလျှင်တစ်ကြိမ်
- အတိုးနှုန်း – တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းနှင့် တစ်လလျှင် ၂.၃၃ ရာခိုင်နှုန်း
- မဖြစ်မနေစုရမည့်စုငွေ – ချေးငွေပမာဏ၏ ၅ ရာခိုင်နှုန်း
- စုဆောင်းငွေအပေါ် အတိုးနှုန်း – တစ်နှစ်လျှင် ၁၄ ရာခိုင်နှုန်း
- ဝန်ဆောင်ခ – ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း
- အဖွဲ့လိုက်ချေးငွေ – တစ်ဖွဲ့လျှင် အဖွဲ့ဝင်အနည်းဆုံး ၅ ယောက်
လိုအပ်ချက်များ
- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- အသက် ၁၈ နှစ်မှ ၆၀ နှစ် အထိသာ ဖြစ်ရမည်။
- မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းရှိရမည်။
- လျှောက်ထားသူသည် မိမိတို့ဝန်ဆောင်မှုပေးသော နေရာဒေသတွင် အတည်တကျနေထိုင်သူ ဖြစ်ရမည်။
- လျှောက်ထားသူတွင် တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် လက်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရမည်။
- လျှောက်ထားသူသည် အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိ၏အဖွဲ့ဝင်အားလုံး၏ထောက်ခံမှုနှင့် အာမခံမှုကိုပါ ရရှိထားသူဖြစ်ရပါမည်။
ရုံးချုပ်
အမှတ် ၁၀၂၄ E ၇ လွာ၊ Sweet Breeze Condominium၊ ကျမ်းစာသင်ကျောင်းလမ်း၊
ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
အီးမေးလ်
focalpoint.mm@gmail.com
ဖုန်း
+959 421100316